English Chinese (Simplified) Thai

(၁) ပြပွဲအချိန်ကာလအတွင်း လေလံတွင်ဝယ်ယူလိုသည့် ပုဂိုလ်၊ ကုမဏီ၊ အဖွဲ့အစည်းများသည် လေလံ ခန်းမအတွင်းရှိ ကျောက်မျက်အချောထည်အလွတ် (Gems Stones) များကို (၁၅.၁.၂၀၂၁) ရက်နေ့မှ (၁၈.၁.၂၀၂၁)ရက်နေ့ အထိ မနက် (၁၀းဝ၀)နာရီ မှ ညနေ (၅းဝ၀) နာရီအထိ ကြည့်ရှု့ စစ်ဆေးခွင့်ပြုပါမည်။ လေလံအောင်မြင်သူများကို ၁၈.၁.၂၀၂၀ မနက် (၁၁:၀၀) နာရီတွင် ကြေညာပါမည်၊၊
(၂) ဝယ်ယူလိုသူများအနေဖြင့် မိမိဝယ်ယူမည့် ကျောက်မျက်အချောထည်အလွတ် (Gems Stones)၏ အမျိုးအစား၊ အရွယ်အစား၊ အရေအတွက် နှင့် အလေးချိန်တို့ကို သေချာစွာကြည့်ရှု့ စစ်ဆေး ရမည်ဖြစ်ပါသည်။ ဝယ်ယူလိုသည့် ကျောက်မျက်အတွဲများကို မိမိကျောက်ကြည့်ချိန်အတွင်း တစ်ကြိမ်လျှင် မိနစ် (၃၀)ခန့်အထိ ကြည့်ရှု့ခွင့်ရရှိပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ပေးပါမည်။
(၃) လေလံခန်းမအတွင်းသို့ ဝင်ရောက်လိုသူများသည် လေလံခန်းမရှိ Reg: Counter တွင် ဝင်ကြေး (၃၀၀၀၀) ပေးသွင်းပြီး တရားဝင် စာရင်းသွင်း၍ ဝင်ရောက်နိုင်ပါသည်။ ဝယ်ယူလိုသူများသည် လေလံခန်းမရှိ Registration Counter တွင် ဈေးနှုန်း တင်သွင်းလွှာ (Bidding forms) များကိုတရားဝင်စာရင်းသွင်း၍ ရယူနိုင်ပါသည်။ ဝယ်ယူလိုသူများသည်ဝင်ကြေး (၃၀,ဝ၀ဝ)ကျပ်ပေးဆောင်ရပါမည်။
(၄) ရတနာကုန်သည်များသည် လေလံဝင်ရောက်ယှဉ်ပြိုင်လိုပါက ဈေးနှုန်းတင်သွင်းလွှာများကို လေလံခန်းမအတွင်း ထုတ်ယူနိုင်ပါသည်။ ရတနာကုန်သည်များ ထုတ်ယူသွားသည့် ဈေးနှုန်းတင်သွင်းလွှာ၏ အမှတ်စဉ်များကို တရားဝင်မှတ်ပုံတင်ထားပါမည်။ မိမိတို့၏ ဈေးနှုန်းတင်သွင်းလွှာပေါ်တွင် အဆိုပြု တင်သွင်းထားသော ဈေးနှုန်းများကို အောက်ပါအတိုင်း ရှင်းလင်းစွာရေးသားရပါမည် -
(က) ဝယ်ယူလိုသည့် အတွဲအမှတ် အခြေခံကြမ်းခင်းဈေး၊
(ခ) ဝယ်ယူလိုသည့် အဆိုပြုဈေးနှုန်း
(ဂ) ဝယ်ယူလိုသည့် ပုဂိုလ်၏ အမည် နှင့် လက်မှတ်
(ဃ) ဝယ်ယူလိုသူ၏ ကုမ္ပဏီ၊ အဖွဲအစည်း
(၅) ရတနာကုန်သည်များအနေဖြင့် ဝယ်ယူလိုသော ကျောက်အတွဲများကို ဈေးနှုန်းတင်သွင်းလွှာတွင် တစ်တွဲချင်းဖြည့်စွက်ရေးသားအဆိုပြုပြီး တင်ဒါပုံးများအတွင်းသို့ မထည့်သွင်းမီ ရေးသားရမည့် အချက်အလက်များ ပြည့်စုံမှန်ကုန်ခြင်း ရှိ/ မရှိ စေ့စပ်သေချာစွာ စစ်ဆေးပြီးမှသာသက်ဆိုင်ရာ တင်ဒါပုံများအတွင်း (၁၅.၁.၂၀၂၁)ရက်နေ့ နေ့လည် (၁၂းဝ၀)နာရီမှ စတင်၍ (၁၇.၁.၂၀၂၁)ရက်နေ့ ညနေ(၃းဝ၀)နာရီ နောက်ဆုံးထား၍ အချိန်မီထည့်သွင်းရပါမည်။
(၆) ရတနာကုန်သည်များသည် ဝယ်ယူလိုသည့် ကျောက်အတွဲများကို ဈေးနှုန်းတင်သွင်းလွှာတွင် ကျောက်အတွဲပါအခြေခံဈေး (Reserved Price) ထက်လျှော့နည်းတင်းသွင်းထားသော ဈေးနှုန်း တင်သွင်း လွှာများကို ထည့်သွင်းစဉ်းစားမည် မပြုဘဲ ပယ်ဖျက်ခြင်းခံရမည်ဖြစ်ပါသည်။
(၇) ၇တနာကုန်သည်များသည် ဝယ်ယူလိုသည့် ကျောက်အတွဲများကို နိုင်ငံခြားငွေ US$ ဖြင့်သာရောင်းချပါမည်။ မိမိဝယ်ယူလိသည့် ကျောက်အတွဲတန်ဖိုးကို ကိန်းဂဏန်းဖြင့် (၁)ကြိမ်၊ စာသားဖြင့် (၁)ကြိမ် ရှင်းလင်းပီသစွာ ရေးသားဖော်ပြရပါမည်။
(၈) ရတနာကုန်သည်များသည် ကျောက်အတွဲများကို ဈေးနှုန်းတင်သွင်းရာတွင် အဆိုပြုဈေးနှုန်း များတူညီတိုက်ဆိုင်နေပါက သက်ဆိုင်ရာဈေးနှုန်းတင်သွင်းသူများကိုပြန်လည်ခေါ်ယူပြီး ထပ်မံဈေးပြိုင် စနစ်ဖြင့် အဆိုပြုတင်သွင်းစေပြီး လေလံပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ စညး်းကမ်း သတ်မှတ်ချက် နှင့် ကိုက်ညီသည့် ရတနာကုန်သည်အား ရောင်းချပါမည်။
(၉) ရတနာကုန်သည်များသည် ဝယ်ယူရရှိသည့် ကျောက်အတွဲများအတွက် အမျိုးအစား၊ အရည်အသွေး၊ အရည်အတွက်၊ အလေးချိန်တို့ နှင့် စပ်လျဉ်း၍ ရောင်းသူ နှင့် ဝယ်သူကြား ပြသနာတစ်စုံတရာ ပေါ်ပေါက်လာပါက ရောင်းသူ နှင့် ဝယ်သူတို့ နှစ်ဦးအကြားတွင်သာတာဝန်ရှိပြီး ပြသာနာဖြေရှင်းရာတွင် လေလံပြပွဲဖြစ်မြောက်ရေးကော်မတီတို့ နှင့် ပူးပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ပါသည်။
(၁၀) ရောင်းသူ နှင့် ဝယ်သူအကြား စုံစမ်းမေးမြန်းလိုသည့် သတင်းအချက်အလက်များနှင့် မရှင်းလင်းသည့်အချက်အလက်များကို လေလံပြပွဲဖြစ်မြောက်ရေးကော်မတီသို့ ပြပွဲကျင်းပနေချိန် အတွင်း အချိန်အရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၁၁) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ ကြီးမှူးကျင်းပသည့် လေလံဖြစ်သည့်အတွက် 4th Yangon International Gems & Jewellery Fair – 2021 တွင် Buyer’s Premiun Fees ကို လေလံအောင်သည့်ကျောက်မျက်ကုန်သည်များထံမှ ကောက်ယူခြင်း မပြုကြောင်းအသိပေးအပ်ပါသည်။
(၁၂) မြန်မာနိုင်ငံသား လေလံအောင်မြင်သူသည် လေလံပြပွဲဖြစ်မြောက်ရေးကော်မတီ၏ CB Bank နိုင်ငံခြားငွေဘဏ်စာရင်းအမှတ် (00 16 10 12 000 27 437) သို့ (၁၈.၁.၂၀၂၁)ရက်နေ့ တွင် US$ ဖြင့် ၂၀% Deposit ကိုပေးသွင်းပြီးနောက် ဝယ်ယူသူ နှင့် ရောင်းသူကြား အရောင်းစာချုပ် (Sales Agreement) ကိုပြပွဲဖြစ်မြောက်ရေးကော်မတီ၏ ကိုယ်စားလှယ်များ နှင့် စာချုပ်ချုပ်ဆိုပြီးမှသာလျှင် လေလံအောင်ပြီးသားကျောက်ကို ပြန်လည်ကြည့်ရှုခွင့်ရရှိပါမည်။ ပေးရန်ကျန်ရှိသော ငွေပမာဏ ၈၀% ကို US$ ဖြင့် လေလံပြပွဲဖြစ်မြောက်ရေးကော်မတီ CB Bank နိုင်ငံခြားငွေ ဘဏ်စာရင်းအမှတ် ((00 16 10 12 000 27 437) သို့ (2)ပတ် အတွင်းငွေအကြေပေးချေပြီးမှ သာလျှင် မိမိအောင်ထားသည့် ကျောက်အတွက်များကို ကြီးကြပ်ရေးအဖွဲ့၏ခွင့်ပြုမိန့်ပြေစာဖြင့် လွယ်ကူစွာတရားဝင်သယ်ယူနိုင်မည် ဖြစ်ပါသည်။ ပေးရန်ကျန်ရှိသော ငွေပမာဏ ၈၀% ကို မြန်မာနိုင်ငံသား ဝယ်ယူသူမှ ပေးချေရန် ပျက်ကွက်ခဲ့ပါက ၂၀% Deposit ကို လုံးဝ ပြန်အမ်းပေးမည်မဟုတ်ပါကြောင်း လေလံပြပွဲဖြစ်မြောက် ရေးကော်မတီမှ သတ်မှတ်ပါသည်။ လေလံအောင် မြန်မာနိုင်ငံသားဝယ်ယူသူများကို ငွေလွယ်ကူလျှင်မြန်စွာ ပေးဆောင်နိုင်ရန်အတွက် ဖုန်းဖြင့်ဆက်သွယ်၍သော်လည်းကောင်း၊ E-mail ဖြင့် ဆက်သွယ်၍သော်လည်းကောင်း (၁၇.၁.၂၀၂၁) ရက်နေ့ ညနေပိုင်းတွင် ကြိုတင် အကြောင်းကြားပါမည်။
(၁၃) မြန်မာနိုင်ငံသားဝယ်ယူသူများမှ ငွေပေးချေရာတွင် ငွေသား (Cash) ဖြင့်သော်လည်းကောင်း Credit Card ဖြင့်သော်လည်းကောင်း ငွေပေးချေနိုင်ပါသည်။ ဘဏ်ဝန်ဆောင်ခများအားလုံးကို မြန်မာနိုင်ငံသားဝယ်ယူသူမှ ကျခံရပါမည်။